Wednesday, July 24, 2013


သဲရေ...
           ကိုယ်မင်းအတွက် စာတွေ မရေးဖြစ်တာ အရမ်းကြာနေပြီပဲ...။
အဲ့ဒါသဲကြောင့်ပဲလေ...။ သဲ ကိုယ့်ကို web site လုပ်ပေးပါလို့ ..ပြောလာတဲ့နေ့ ကတည်းကလို့ 
ထင်တာပဲ..။ဟုတ်တယ်မလား။ ဖေ့စ်ဘုတ်တွေဖက်ရောက်သွားတာလဲ..ပါပါတယ်လေ..။
ဒီနေ့ မှ...ကိုယ်လည်း..သဲရဲ့ ဘလော့လေးကို သွားဖတ်ကြည့်မိတော့မှ အရင်က ကိုယ်တို့ 
နှစ်ယောက်ရဲ့ ဘလော့လေးတွေကို..ပြန်သတိရပြီး..လွမ်းမိတော့တယ်.။

          သဲ ကိုယ့်အတွက်ရေးတဲ့စာတွေ ပြန်ဖတ်ချင်သေးတယ် သဲရယ်..။
ကိုယ်လည်း..သဲအတွက် စာတွေ ပြန်ရေးတော့မယ်...။ သဲ ပြောတာမှတ်မိသေးတယ်။
သဲက..ကိုယ့် ပရိသတ်လေတဲ့...။သဲကိုယ် သဲကြတော့လည်း...ဂျူးအရေးအသားနဲ့ ..တူသလေး
ဘာလေးနဲ့ ...ဂုဏ်ယူတတ်သေးတယ်။

         ဟိုနေ့ ကမှလည်း..အတွေးလေး တစ်ခု ရလို့ ပါ..။
အဲ့ဒါက..သဲရယ်ကိုယ်ရယ်လေ..ရန်ခဏဏ ဖြစ်တယ်မလား..။ ရန်ဖြစ်တိုင်းလည်း..
ကိုယ်က နောက် မလုပ်တော့ပါဘူး..။ နောက်ဆို သဲအပေါ် အမြဲ ကောင်းပါတော့မယ်..။
သဲလည်း ဘာပြင် ဘာကတိပေး.နဲ့ ...ပြောကြပြီး...ပြန်တည့်..။
ဟော..နောက်တစ်ရက် နစ်ရက်လည်း နေရော..အကြောင်းတစ်ခုခုပေါ်ပြီး..ရန်ထပ်ဖြစ်တာပဲ..။
ဒီလိုချည်း အမြဲဖြစ်နေတော့ ကိုယ်လည်း စဉ်းစားမိတယ်..။
နောက်ဆိုလို့ ...ရန်ဖြစ်ရင်..ဖြစ်ရတဲ့ အကြောင်းကို ချချရေးမှတ်ထားတော့မယ်လို့ ...။
အဲ့ဒါမှပဲ.. ဒီလောက်မှ ရန်ဖြစ်ကြတဲ့ နှစ်ယောက် ဘာတွေ များဖြစ်နေကြလဲဆိုတာ..
သိရတော့မယ်လို့ ...။

         နောက်ဆို ...ချစ်သူလင်မယား.ရန်ဖြစ်နည်းဆိုင်ရာကျမ်းတစ်စောင်လောက် ထွက်ရင်
ထွက်လာနိင်တယ်လေ။